ခဏလေး စောင့်ပေးပါ......
Election Guideသူငယ်ချင်းများအားလုံး လိုသလိုသုံးနိုင်ပါသည်။
ယနေ့ ရန်ကုန်တွင်ဖြန့် ဝေနေပါပြီ။
Rock singer Aung La and his band Reason support our Peace Campaign by wearing T- Shirts which was written "Let The Flowers Bloom, But Not Bullets." in their Live Concert on Valentine's Day.
Please see the photos in attached files. And we also would like to share
a poem of one of Generation Wave member.

Moethway
External Affairs Committee
Generation Wave
ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
" ကျည်ဆံတွေအစား ပန်းများပွင့်စေ "

ကြွေခဲ့တဲ့ ကြယ်တွေဟာ
တစ်ကယ်တော့ ကျနော်တို့ရဲ့
လမ်းတွေပါ မေမေ...
ကျခဲ့တဲ့ မျက်ရည်
အပြာရောင် ရနံ့တွေဝေ့လို့
ဘယ်လမ်း လျှောက်လျှောက်
ငြိမ်းချမ်းရေးပဲ မော့သောက်ချင်ခဲ့တာ

ရှင်သူအလောင်းတွေအကြောင်း
သေသူတွေက ရွက်ဆိုပြတဲ့ အခါ
စတေးခဲ့သမျှ ပြန်တွေး
ဖိနပ်ပေါက်နေတဲ့ ခြေထောက်တွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

ရိုးရိုးဖြောင်းဖြောင်း
ကျောအောင့်နေတဲ့ ပြည်သူတွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

မိမဲ့ဖမဲ့ လူမမယ်လေးတွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

ယမ်းငွေ့တွေကြား
နာဖျားခဲ့ရ ဘ၀တွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

အိမ်မက်တွေခြောက်
သားသမီး ပျောက်သွားတဲ့ မိဘတွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

ရင်ခွင်တွေပြို
အနာဂတ်ရေစိုးသွားတဲ့ သားသမီးတွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

ကြွေခဲ့တဲ့ ကြယ်တွေ
ကျခဲ့တဲ့ မျက်ရည်
စတေးခဲ့သမျှ ပြန်တွေး

ကျနော် ငိုနေပြီ မေမေ
စတေးခဲ့သမျှ ပြန်တွေး
စတေးခဲ့သမျှ ပြန်တွေး
ကျည်ဆံတွေအစား ပန်းများပွင့်ပါစေ မေမေ....။

ဘုန်းလူ

မိုးမခ အထောက်တော် ၀၀၃ | ယမန် နေ့ခင်းက ရန်ကုန်၊ သုမင်္ဂလာ ရာမ လယ်တီ ကျောင်းတိုက်မှာ ခေတ္တ သီတင်းသုံး နေထိုင်နေတဲ့ ၂၀၀၇ ရွှေဝါရောင် သံဃာ တပ်ပေါင်းစု ခေါင်းဆောင် အရှင်ဂန္ဘီရကို အစိုးရအာဏာပိုင်များက လာရောက် ခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။

အရှင်ဂန္ဘီရ ဟာ စစ်အစိုးရရဲ့ ဖမ်းဆီး ထောင်ချခြင်း ခံရစဉ် ထောင်တွင်းမှာ အာဏာပိုင် များရဲ့ ပြင်းထန်တဲ့ နှိပ်စက် ညှင်းပန်းမှုများကို ခံစား ခဲ့ရကြောင်း၊ စစ်အစိုးရက အမည် မသိရတဲ့ ဆေးများ အတင်းအကြပ် တိုက်ကျွေးခဲ့ကြောင်း၊ ယခု ၂၀၁၂ ဇန်န၀ါရီ ၁၃ မှာ ထောင်က လွတ်မြောက်လာခဲ့ပြီး ကောင်းမွန် လုံလောက်တဲ့ ဆေးဝါးကုသမှု စစ်ဆေးမှုများ မဆောင်ရွက်နိုင်သေးခင်မှာပဲ အာဏာပိုင် များရဲ့ ထိန်းသိမ်း ခေါ်ဆောင်မှုကို ထပ်မံ ခံလိုက်ရတဲ့ အတွက် စိုးရိမ်မိကြောင်း အနီးကပ် သီတင်းသုံးသူ သံဃာတော် တပါးက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဇန်န၀ါရီ ၁၃ နောက်ပိုင်းမှာ အရှင်ဂန္ဘီရနဲ့ အတူ အကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ မဂ္ဂင်ကျောင်း ဆရာတော် ဦးအိန္ဒက အပါအ၀င် ရွှေဝါရောင် သံဃာတော်တို့ဟာ အစိုးရ ချိတ်ပိတ်ထားတဲ့ မဂ္ဂင်ကျောင်းမှာ ပြန်လည် ၀င်ရောက် သီတင်းသုံး ခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၄ ရက်မှာ အဆိုပါ သံဃာတော်များကို သာသနာရေးဝန်ထမ်းများက ကျောင်းမှာ ဖယ်ရှားခဲ့ကြပါတယ်။ မဂ္ဂင်ကျောင်းမှ ပြန်လည်ဖယ်ရှားခြင်း ခံရတဲ့နောက်ပိုင်းမှာ အရှင်ဂန္ဘီရကို အာဏာပိုင်များက ယခုကဲ့သို့ လာရောက် ခေါ်ဆောင် သွားတာ ဖြစ်ပါတယ်။ သတင်း ဌာနများက ဆရာတော်ကို ဖမ်းဆီးသွားပြီလို့ ထုတ်ဖော် ရေးသားကြပြီး ယခုအထိ အဆက်အသွယ် မရသေးလို့ ပြောကြပါတယ်။

၂၀၁၂ နှစ်ဆန်းအတွင်း မြန်မာပြည် နိုင်ငံရေး တခေတ်ဆန်းပြီလို့ ပြည်တွင်း ပြည်ပက ပြောဆို လှုပ်ရှားနေကြချိန်မှာ ဘာသာရေး လွတ်လပ်ခွင့်နဲ့ နိုင်ငံသား တဦးချင်းစီ အတွက် လွတ်လပ်ခွင့် အာမခံချက်တွေ မရသေးတာကို ပြသနေတယ်လို့ ရွှေဝါရောင် သံဃာတော် တပါးက ပြောလိုက်ပါတယ်။

source by : မိုးမခ
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့၏ ပဏာမ တွေ့ဆုံဆွေးနွေးပွဲမှတ်တမ်းဓါတ်ပုံများ

(ပုံကို နှိပ်ပြီး အကြီးချဲ့ကြည့််ပါ။)

dsc_0033.jpg dsc_0030.jpg
dsc_0038.jpg
dsc_0034.jpg


source by : http://www.absdf.com

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ဖွဲ့ နှစ်ဖက် ကိုယ်စားလှယ်များ ယနေ့ညနေပိုင်းက ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။


အသေးစိတ် အချက်အလက်များကို ဆွေးနွေးခြင်း မရှိသေးကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ရှေ့ဆက်လုပ်ငန်းစဉ်များ လက်တွေ့ အကောင်အထည် ဖော်ရေးကို ဦးတည်သည့် ပဏာမ တွေ့ဆုံခြင်းဖြစ်သည်ဟု ဦးဆောင်ဆွေးနွေးခဲ့သူ ABSDF အဖွဲ့ ခေါင်းဆောင် ဦးမျိုးဝင်းက အခုလို ပြောသည်။


“နှစ်ဖက် တူညီတဲ့ အမြင်အပေါ်မှာ အခြေခံပြီးတော့မှ ငြိမ်းချမ်းရေး စားပွဲမှာ တန်းတူရည်တူ နိုင်ငံရေး ပြဿနာများကို ဆက်လက် ဆွေးနွေးသွားမယ် ဆိုတဲ့ သဘောထား ရယူနိုင်ရေးကို အဓိက ဆွေးနွေးတဲ့ပွဲ ဖြစ်ပါတယ်။”


ထို့အပြင် အစိုးရသစ်မှ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ရရှိရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ သဘောထား ပြသမှုအပေါ် ကြိုဆိုလိုက်ပြီး ရှေ့ဆက်သွားနိုင်ရန် အထောက်အကူ ဖြစ်လိမ့်မည်ဟု မျော်လင့်ကြောင်း ဆက်လက် ပြောဆိုသည်။


“အပြန်အလှန် ပွင့်ပွင့်လင်းလင်း ကျနော်တို့ အမြင် သဘောထားတွေ ဖလှယ် နိုင်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ဆွေးနွေးပွဲ ဘယ်လောက် အတိုင်းအတာထိ အောင်မြင်မယ် မအောင်မြင်ဘူး ဆိုတာတော့ နောက်တဆင့် ဆွေးနွေးမှု အပေါ်မှာပဲ အခြေခံပြီးတော့ ဆုံးဖြတ်ရမှာပါ။”


အစိုးရနှင့် အခြားသော လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များအကြား ပြည်နယ်အဆင့် ဆွေးနွေးပွဲ များတွင် အပစ်အခတ်ရပ်စဲရေး အဆင့် ရယူ နိုင်ခဲ့သော်လည်း ABSDF တပ်ဖွဲ့ အနေဖြင့် ဒေသတခု အပေါ် အခြေခံခြင်း မဟုတ်ဘဲ တနိုင်ငံလုံးကို ကိုယ်စားပြုထားသည့် အတွက် ပြည်ထောင်စု အစိုးရနှင့် တိုက်ရိုက် ဆွေးနွေးလိုကြောင်း တင်ပြခဲ့သည် ဟုလည်း ဆိုသည်။


အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်တဦးဖြစ်သူ ဦးစောခင်စိုး က အဖွဲ့ကိုယ်စား လာရောက်ဆွေးနွေးခဲ့ပြီး ABSDF အဖွဲ့မှ အတွင်းရေးမှူး ဦးမျိုးဝင်း ဦးဆောင်သည့် အဖွဲ့ဝင် (၅) ဦးနှင့် နှစ်နာရီကြာ တွေ့ဆုံခဲ့သည်။


ပြည်ထာင်စု ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင်ဖြစ်သူ တောင်သာမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်သောင်းက ဆွေးနွေးပွဲသို့ မတက်ရောက်နိုင်သော်လည်း ဦးစောခင်စိုးမှတဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်သည့် စာတစောင် ပေးပို့ခဲ့သည်။


ယနေ့ ဆွေးနွေးပွဲမှ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်ခဲ့ခြင်း မရှိသော်လည်း နှစ်ဖက်ကိုယ်စားလှယ်များ ရန်ကုန်မြို့တွင် ထပ်မံ တွေ့ဆုံရန် သဘောတူညီခဲ့သည်။ သို့သော် တွေ့ဆုံမည့် နေ့ရက်ကိုမူ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။


ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့မှ လွန်ခဲ့သည့် ဇန္န၀ါရီလ (၁၀) ရက်နေ့က ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်သည့် စာတစောင် ပေးပို့ခဲ့သည့်အပေါ် ABSDF တပ်ဖွဲ့က ဇန္န၀ါရီလ (၁၇) ရက်နေ့က သဘောတူကြောင်း ပြန်ကြားလိုက်ပြီး ယနေ့ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံခြင်း ဖြစ်သည်။


ABSDF တပ်ဖွဲ့အား ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နယ်စပ်ဒေသများ သို့ ထွက်ခွာလာသည့် လူထုလူတန်းစား အလွှာအသီးသီး အပါအ၀င် ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အတူ အစိုးရအား နှစ်ပေါင်း (၂၀) ကျော် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့သည်။


source by :
http://www.nmg-news.com
ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့မှ ဆရာတော်များ၏ ဆုံးဖြတ်ချက်ဖြင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး မဂ္ဂင်ကျောင်းကို လာရောက် ချိပ်ပိတ်ခဲ့သည့်အတွက် မဂ္ဂင်ကျောင်းတွင် သီတင်းသုံး နေထိုင်နေသော သံဃာတော်များမှာ ချိပ်ပိတ်ထားသော မဂ္ဂင်ကျောင်းအတွင်းမှ ထွက်ခွာပေးခဲ့ရပြီ ဖြစ်ပါသည်။



source by : http://www.youtube.com/user/BurmaVJMedia

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ အကျဉ်းဦးစီးဌာနကနေ အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ အရ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တရားစွဲဆိုထားတဲ့ တရားမဝင်ပစ္စည်း ခိုးသွင်းမှုကို ဒီကနေ့မှာ အင်းစိန်မြို့နယ်တရားရုံးကနေ အပြစ်မရှိကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။


ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပြီးခဲ့တဲ့လက နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့နေ့မှာပဲ ပုဒ်မ ၄၂ နဲ့ ပြန်ပြီးတော့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အပြစ်မရှိကြောင်း တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်း အခြေစိုက်၊ ဗွီအိုအေ သတင်းထောက် မအေးမာက တင်ပြပေးထားပါတယ်။


ပြည်တဲရေးဝန်ကြီးဌာနလက်အောက်၊ အကျဉ်းစီးဦးဌာနကနေ တရားလိုလုပ် တိုင်ကြားပြီး အမှုဖွင့် ခဲ့တာကတော့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ဟာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ အင်္ကျီနဲ့ ဒေါ်အေင်ဆန်းစုကြည်ပုံပါ သော့ချိတ်ကို အင်းစိန်ထောင်ထဲ ယူဆောင်လာတယ်ဆိုပြီး အမှုဖွင့် တရားစွဲခဲ့တာပါ။


ဒီနေ့တရားရုံးထုတ်ချိန်မှာ အင်းစိန်မြို့နယ်တရားရုံးကနေ အပြစ်မရှိဘူးဆိုတဲ့အမိန့်ကိုချမှတ်ခဲ့တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။


“အင်းစိန်မြို့နယ်တရားရုံးမှာပါ။ တရားသူကြီးရဲ့ တရားခွင်မှာ NLD ပါတီဝင်လူငယ်တွေရော၊ စိတ်ပါဝင်စားတဲ့ သူတွေရော တော်တော်များများလာရောက် နားထောင်ပါတယ်။ နောက် တရားသူကြီးက စတင်ဖတ်ကြားပါတယ်။ လျှောက်လဲချက်တွေနဲ့ စွဲဆိုချက်တွေကိုတော့ မပြောတော့ပါဘူးတဲ့- မပြောတော့ဘဲနဲ့ သုံးသပ်ချက်နဲ့ အမိန့်ကိုပဲ ဖတ်ပြပါတယ်။ သုံးသပ်ချက်ကို ဖတ်ပြရာမှာလည်း တရားလို အရာရှိတွေ တင်သွင်းလာတဲ့ ဗိုလ်ချုပ်ပုံပါတဲ့ အင်္ကျီတွေ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ သော့ချိတ်တွေဟာ တရားမဝင်ဘူးဆိုတဲ့အကြောင်း လုံလောက်တဲ့ အထောက်အထားမရှိပါဘူး၊ နောက်ပြီး ဥပဒေပုဒ်မတွေလည်း မရှိပါဘူးတဲ့။ အကျဉ်းထောင်တွေထဲမှာ ပြဌာန်းထားတဲ့အထဲမှာလည်း မပါပါဘူးတဲ့။


ပြီးတော့ ကျနော်က သူတို့စွပ်စွဲသလို ခိုးသွင်းဖို့ ကြိုးစားတာ မဟုတ်တဲ့အပြင် ဒီပစ္စည်းတွေကလည်း တရားမဝင်ပစ္စည်း မဟုတ်ဘူးဆိုပြီးတော့ ပေါ်လွင်ထင်ရှား တွေ့ရှိရတဲ့အတွက်ကြောင့် ကွင်းလုံးကျွတ် လွှတ်လိုက်ပါတယ်တဲ့။ ကျနော်အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပါတယ်တဲ့”


ဒါဟာ ပြည်တဲရေးဝန်ကြီးဌာနလက်အောက်မှာ တရားရုံးကနေ အပြစ်မရှိဘူးလို့ ဆုံးဖြတ်တာဟာ ဖြစ်တောင့်ဖြစ်ခဲ အမှုကိစ္စ ဖြစ်ပြီး သူရဲ့အမှုဟာ ပထမဦးဆုံးတောင် ဖြစ်နိုင်တယ်လို့ ကိုနေမျိုးဇင်က ပြောပါတယ်။


“ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းယန္တရားကနေ တရားလိုပြုပြီးတော့ စွဲတင်တဲ့အမှုမှာ တရားခံအဖြစ် စွပ်စွဲခံရသူ လွတ်တယ်ဆိုတာ မရှိသလောက် ရှားခဲ့ပါတယ်- ကျနော်တို့ သမိုင်းမှာ။ ကျနော်သိ သလောက်ပေါ့နော် - ကျနော် ထမဆုံးပဲ ဖြစ်မလားတော့ မသိပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနက စွဲဆိုတဲ့ အမှုတခုကို တရားရုံးက အပြစ်မရှိကြောင်းဆိုပြီးတော့ ကွင်းလုံးကျွတ် လွှတ်လိုက်တဲ့အမှုဟာ။ ကျနော်တို့ ဝမ်းမြောက်ပါတယ်။ ဂုဏ်ယူပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရင်ထဲမှာ ကျနော်တို့ေ လးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီးတော့ တရားမဝင်ဘူးလို့ သုံးနှုံးစွပ်စွဲလာတာကိုခံရတဲ့ အမှုကြီးပေါ့နော်”


တရားမဝင် ပစ္စည်းလို့ အကျဉ်းထောင်က သတ်မှတ်ခဲ့တာက ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတီရှပ်နဲ့ ဒေါ် အောင်ဆန်းစုကြည်ပုံပါ သော့ချိတ်ဖြစ်နေတဲ့အတွက် ဒါဟာ မဖြစ်သင့်တဲ့အမှုဖြစ်တဲ့အတွက် ပြစ်ဒဏ်ကနေ လွှတ်ပေးလိုက်တယ်လို့ ယူဆတယ်လို့လည်း ပြောပါတယ်။


“အားလုံး အထွေထွေ ပါပါလိမ့်မယ် ခင်ဗျ၊ အားလုံးက ဝိုင်းဝန်း စိတ်ဝင်တစား စောင့်ကြည့် နေတာလည်း ပါပါတယ်။ ပြီးတော့ ဒီအမှုဖြစ်စဉ်ကိုကလည်း မဖြစ်သင့် မဖြစ်ထိုက်တဲ့အကြောင်း တရားသူကြီးတွေ ကိုယ်တိုင်ကလည်း လေးလေးနက်နက် ယုံကြည်တာလည်း ပါပါမယ်။ တရားသူကြီးတွေမှာ ချုပ်ခြယ်လွှမ်းမိုးခံရခြင်း မရှိဘဲ လွတ်လပ်စွာ၊ တည့်မတ်စွာစီရင်ပိုင်ခွင့် သူတို့မှာ ရရှိသွားလို့လည်း ပါပါမယ်ခင်ဗျ”


မြန်မာနိုင်ငံရဲ့တရားစီရင်ရေး မဏ္ဍိုင်တည့်မတ်စေဖို့အတွက် မတရားပြစ်ဒဏ်ချထာတဲ့အမှုတွေကို လည်း ဆက်လက်စိစစ်ပေးဖို့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က တောင်းဆိုပါတယ်။


“အစိုးရသစ်ရဲ့လက်ထက်မှာ ကျနော်ဟာ ပထမဆုံး အဖမ်းခံရတဲ့ နိုင်ငံရေး အကျဉ်းသားလည်း ဖြစ်ခဲ့ ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တဲ့နေ့မှာပဲ နောက်တမှုနဲ့ အစွဲခံရပြီးတော့ ထပ်ပြီးအစွဲခံရ သူလည်း ဖြစ်ပါတယ်။


ဒါပေမယ့် အခု ၂ ပတ်ကျော် အကြာမှာပေါ့- နောက်ဆုံးစီရင်ချက် ချတဲ့ အချိန်မှာ ကျနော့်ကို ကွင်းလုံးကျွတ် လွှတ်လိုက်တယ် ဆိုတဲ့ အတွက်ကြောင့် ဒီ လပိုင်း အတောအတွင်းမှာ တရားစီရင်ရေး မဏ္ဍိုင်အနေနဲ့တော့ တည့်မတ်မှန်ကန်လာတယ်၊ ဆုံးဖြတ်ချက်တွေ မှန်ကန်လာတယ်လို့တော့ ပြောချင်ပါတယ်။


ဒါပေမယ့် ဆုံးဖြတ်ခဲ့ပြီးသော အမိန့်များ- အဲဒါက လက်ရှိ ထောင်ထဲမှာ လက်ရှိ အကျဉ်းကျခံနေရတဲ့ အမှုများကို၊ တရားစီရင်ရေးစနစ်ဟောင်းမှာ ဖမ်းဆီးထားခံရတဲ့သူများကို ပြန်လည်စစ်ဆေး ဖော်ထုတ်ပြီးတော့ မတရား ဖမ်းဆီးထားခံရသူများအရေးကိုလည်း အစိုးရသစ်အနေနဲ့ ဆောင်ရွက်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိဖြစ်နေတဲ့ အမှုတခုခုကို မှန်ကန်စွာ ဆုံးဖြတ်လိုက်ရုံနဲ့ တရားစီရင်ရေး မဏ္ဍိုင် တည့်မတ်သွားမှာ မဟုတ်ပါဘူး”


ဗိုလ်ကြိးဟောင်းနေမျိုးဇင်ဟာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေနဲ့ ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခံရပြီး မကြာခင်ကမှ ပြန်လွတ်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်ပါတယ်။


သူဟာ သွေးအကူအညီပေးရေးနဲ့ တခြား လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်ရင်း အဖမ်းဆီးခံခဲ့ရပြီး နောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ပြန်လွတ်လာခဲ့ပြီး ဒီအမှုကတော့ ပြန်လွတ်တဲ့နေ့မှာပဲ တရားစွဲဆို ခံခဲ့ရတဲ့အမှုလည်း ဖြစ်ပါတယ်။


နားဆင်ရန်


source by :
http://www.voanews.com
ချင်းမိုင်(မဇ္ဈိမ)| ကျောင်းသားများအရေး ကူညီဖြေရှင်းပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဖွဲ့စည်းနိုင်ရေး စတင်ကြိုးပမ်းနေပြီဟု ဗကသ တရားဝင်ပေါ်ပေါက်ရေး ကော်မတီ (အထက်မြန်မာပြည်)က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖေါ် ပြောဆိုလိုက်သည်။

ကျောင်းသားများတွင် အခက်အခဲများနှင့် သင်ကြားရေးတွင် နစ်နာမှုများ ရှိနေပြီး ဤကိစ္စကို ကျောင်းသားများ ကိုယ်စားပြု အဖွဲ့အစည်းများမှ သက်ဆိုင်ရာသို့ တင်ပြ တောင်းဆိုနိုင်ရန် ဗကသများ ပေါ်ပေါက်လာရေး ကြိုးပမ်းခြင်း ဟုလည်း ကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်မိုး က မဇ္ဈိမကို ပြောသည်။

"ကျောင်းသားတွေက သူတို့ရဲ့ နစ်နာချက်တွေ အခက်အခဲတွေ ရှိတယ်။ အဲဒီ အခက်အခဲတွေကိုတော့ ဖြေရှင်း ပေးနိုင်မယ့် အဖွဲ့အစည်းတွေကို လိုချင်နေကြတယ်။ ကျောင်းသားအားလုံးကို ကိုယ်စားပြုနိုင်တဲ့ အဖွဲ့အစည်း လိုနေပြီဆိုတာ သူတို့ သိထားတယ်။ ကျနော်တို့ဟာ ဒီကိစ္စတွေကို ရဲရဲရင့်ရင့် လုပ်ပါတော့မယ်" ဟု ပြောသည်။

လက်ရှိ တက္ကသိုလ်များသည် မြို့နှင့်ဝေးကွာသည့် နေရာတွင် တည်ရှိပြီး အပန်းဖြေရန်၊ အားကစား လိုက်စားရန်နှင့် အားလပ်ချိန်များတွင် လေ့လာနိုင်ရန် စာကြည့်တိုက်များ မရှိခြင်းကြောင့်လည်း လူမှုရေးပြဿနာများ ပေါ်ပေါက် လာနိုင်ပြီး ထိုပြဿနာများကို ဗကသ များ ပေါ်ပေါက်လာပါက ကူညီဖြေရှင်းနိုင်မည်ဟုလည်း ကိုအောင်ကျော်မိုး က ယူဆသည်။

"ကျောင်းတွေဟာ မြို့နဲ့အဝေးကြီးမှာ ရှိနေပြီး ခြုံပုတ်တွေက ပတ်ခြာလည် ဝိုင်းထားတဲ့အတွက် လူမှုရေး ပြဿနာတွေဖြစ်လာနိုင်တယ်။ နောက်တခုက သူတို့မှာ လေ့လာစရာ စာအုပ်၊ အပန်းဖြေစရာ ပန်းခြံ စတာတွေ ဘာမှမရှိတော့ သူတို့ ကျောင်းအားတဲ့အချိန်မှာ လယ်ကွင်းတွေ၊ ထန်းတောတွေနဲ့ ပတ်သက်တဲ့ အလုပ်တွေပဲ လုပ်ဖြစ်ကြလိမ့်မယ်။ ဗကသ ရှိရင်တော့ ကျောင်းတွေမှာ စာကြည့်တိုက် ဖွင့်တာမျိုး ကစပြီး ဒီပြဿနာတွေ နည်းနည်း ထိန်းနိုင်မယ်" ဟု မဇ္ဈိမကို ပြောသည်။

ဗကသများ အဖွဲ့ချုပ် တရားဝင် ရပ်တည်နိုင်ရေးအတွက် ဗဟို စည်းရုံးရေး ကော်မတီကိုလည်း ကော်မတီဝင် ၁၂ ဦးဖြင့် ဇန်ဝါရီလအတွင်းက ဖွဲ့စည်းခဲ့သည်။

ကော်မတီ၏ ဥက္ကဋ္ဌမှာ ကိုကျော်ကိုကို ဖြစ်ပြီး သူသည် အသင်းအဖွဲ့ ဖွဲ့စည်းခြင်း ပုဒ်မ၊ ဗီဒီယို အက်ဥပဒေ တို့ဖြင့် ၂ဝဝ၉ ခုနှစ်က ထောင်ဒဏ် ၈ နှစ် အပြစ်ပေးခံခဲ့ရသူဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလ အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူ ဖြစ်သည်။

ဗကသများ အဖွဲ့ချုပ် တရားဝင်ရပ်တည်နိုင်ရေးဟု ပြောဆိုသုံးနှုန်းသော်လည်း အစိုးရထံ မှတ်ပုံတင်ခြင်း လုပ်မည် မဟုတ်ဘဲ ပြည်သူနှင့် ကျောင်းသားတို့၏ ရင်တွင်သာ မှတ်ပုံတင်မည်ဟုလည်း ကိုအောင်ကျော်မိုး က "ဗကသ ကို မှတ်ပုံတင်ဖို့ ဆိုရင်တော့ ဗကသ ကို ကျောင်းသားထုရဲ့ နှလုံးသား၊ ပြည်သူရဲ့ နှလုံးသားထဲမှာပဲ မှတ်ပုံတင်ဖို့ ရှိပါတယ်" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)ကို ၁၉၂၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရန်ကုန် တက္ကသိုလ် အတွင်း ဆောက်လုပ်ခဲ့သည့် သမဂ္ဂ အဆောက်အဦးကို သူဌေးဦးညို က တည်ဆောက် လှူဒါန်းခဲ့သည်။

နယ်ချဲ့ ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်မြောက်ရေးအတွက် တကသ ခေါင်းဆောင်များဖြစ်သည့် ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း စသည့် ခေါင်းဆောင်များက ပြည်သူလူထုကို လှုံ့ဆော်ပေးနိုင် ခဲ့သည်။

ထိုကဲ့သို့ သမိုင်းတွင်သည့် သမဂ္ဂ အဆောက်အဦးကြီးသည် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက် နံနက်စောစောတွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ အစိုးရ၏ မိုင်းခွဲဖျက်စီးခြင်းကို ခံခဲ့ရသည်။

ဗကသများ အဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းသည့်နှစ်မှာ ၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့ ဖြစ်ပြီး ပထမဆုံး ဥက္ကဋ္ဌမှာ ဦးရာရှစ်ဖြစ် ၍ ဒုက္ကဋ္ဌမှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။

သမဂ္ဂ အဆောက်အဦး မိုင်းခွဲဖျက်စီးခြင်းခံခဲ့ရအပြီး တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ရသည့် ဗကသ ကို ၁၉၈၈ခုနှစ် လူထုအုံကြွမှုအတွင်း ဥက္ကဋ္ဌ ကိုမင်းကိုနိုင် ဦးဆောင်၍ ယာယီအဖြစ် ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။

ကိုမင်းကိုနိုင်က “ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားလွှတ်တော်ပဲ။ ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုရင် လွှတ်တော်ရှိရမယ်။

လွှတ်တော်ရှိရမှာ ဖြစ်တဲ့အတွက် ကျောင်းသားတွေအတွက် လေ့ကျင့် ပေးနေတဲ့ ကျောင်းသား သမဂ္ဂတွေ ရှိကို ရှိရမယ်။

ဒီမိုကရေစီ တကယ်သွားတယ်ဆိုရင် ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းဖို့ ခွင့်ကို ခွင့်ပြုရမယ်" ဟု ဇန်နဝါရီလ ၂၁ ရက်နေ့ ရန်ကုန် တော်ဝင်စင်တာတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

source by : http://www.mizzimaburmese.com